ညောင်တုန်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့များက ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်လျက်သည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့များဖွဲ့စည်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော် ဦးဆောင်သောအဖွဲ့မှ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထုဆန္ဒဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ထို့အတူ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပြည်သူလူထုဆန္ဒဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်းကို ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)