ဟုမ္မလင်း မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က Women Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Women Club အသင်းဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးက စာဖတ်ပရိတ်သတ်အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေနှင့်ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ၊ ဒေါက်တာဖြိုးသီဟ၏ “ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ဆိုရင်” စာအုပ်ပါအကြောင်းအရာများကို အကျဉ်းချုပ် ဆွေးနွေးခဲ့သည်။
ထို့နောက် Women Club အသင်းဝင် ဒေါ်ယွန်းရတီဦးက၊ "စည်းရုံးလှုံ့ဆော်ခြင်းအနုပညာ၊" "စိတ်ဒုက္ခဖြစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါနှင့်၊ ဒေါ်ပန်းအိဖြူက၊ "ခေတ်သစ်ရဲ့ အကောင်းအဆိုးများ" "အရေးကြီးတဲ့အချိန်မှာ အရှိန်တင်နိုင်ဖို"၊ "တောင်းပန်တတ်ခြင်းအနုပညာ၊ "စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Women Club အသင်းဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Women Club၊ Book Club၊ Youth Club အသင်းများ၊ အသင်းအဖွဲ့များ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)