ပင်းတယမြို့နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ပင်းတယ မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယမန်နေ့မနက်ပိုင်းက စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်းကို ဖွင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်က အဖွင့်အမှာစကားပြောကြားကာ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများနှင့်‌ ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ပင်းတယမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က တီဘီရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ကြောင်းနှင့်၎င်းသင်တန်းသို့   သင်တန်းသူစုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ မေလ ၂၁ ရက်နေ့မှ မေ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)