တိုက်ကြီး ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီ အချိန်က လမ်းနှင့် မလွတ်ကင်းသည့် သစ်ပင်များအား မြို့နယ်မီးသတ်ဦးစီးဌာနက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက် ဆေးရုံလမ်းရှိ ပြည်သူ့ဆေးရုံထောင့်တွင် ရှိ သော စိန်ပန်းပင်ကြီး သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အချိန်မရွေးလဲပြိုနိုင်ပြီး လမ်း သွားလမ်းလာ ပြည်သူများအပေါ် လဲပြိုနိုင်သည့် အန္တရာယ်ကျရောက်နိုင်သည့်အတွက် မြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော ရွာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက်ခုတ်ထွင် ရှင်းလင်းဖယ်ရှားပေးခဲ့ ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)