မိုင်းငေါ့ ဩဂုတ် ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံ ကျောင်းတိုက် ၌ ယနေ့ နံနက် (၉) နာရီ အချိန်က ကျန်းမာရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်နန်းခင်မျိုးဦးက ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု အခြေအနေများ၊ ကြိုတင်ကာကွယ်ရေး နည်းစနစ်များ၊ လက်ဆေးခြင်း၊ (Mask) နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တာလုံရပ်ကွက်နေ ပြည်သူများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)