ကော့ကရိတ် ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ် ခရိုင်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကော့ကရိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာ စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ခရိုင်ကော်မရှင်အဖွဲ့ ခွဲဝင်များမှ တိကျမှန်ကန် အောင် ပူးပေါင်းကူညီဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝေဋုအောင်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်ရာတွင် သတ်မှတ်ထားသည့် အချက် (၁၇) ချက်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်ကော်မရှင် အဖွဲ့ခွဲဝင်များမှ ကိုယ်စားလှယ်လောင်းများ တစ်ဦးချင်းစီအား သတ်မှတ်ထားသည့် အချက် (၁၇) ချက်နှင့်အညီ စိစစ်ခဲ့ကြသည်။
အဆိုပါ တင်သွင်းလွှာစိစစ်ရာတွင် ကော့ကရိတ်ခရိုင်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှ (၁) ပါတီလျှင် တစ်ဦးစီဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦး၏ အမည်စာရင်း တင်သွင်းလွှာအား စိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)