ဟုမ္မလင်းမြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်နည်းစနစ် မှန်ကန် ရေးကွင်းဆင်း ဆောင်ရွက်

ဟုမ္မလင်း       သြဂုတ်       ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်ဧကရီ-၃ (RS)မှ (CS) မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၊ စိုက်နည်းစနစ်သရုပ်ပြသခြင်းကို သြဂုတ်(၁၀)ရက်နေ့၊နံနက် (၉)နာရီက ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ ထွက်ဝကျေးရွာ တောင်သူ ဦးမောင်ယောလယ်၌ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ဒု-လက်/ထောက်ဦးစီးမှူး ဒေါ်နွယ်နွယ်စိန်၊ ဒေါ်သန်းသန်းအေးနှင့် ဦးအောင်ညွှန့်ကြည်တို့က မိမိတာဝန်ကျရာ နည်းပညာ ဖွံ့ဖြိုးရေးစင်တာ ဧရိယာ ကျေးရွာ အုပ်စုများရှိ တောင်သူလယ်သမား များတွေဆုံကာ မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲနူတ်ပယ်ရခြင်း၊ ပိုးမွှားရောဂါ ကင်းရှင်းရေးအသိပညာပေးခြင်း၊တောင်သူများနှင့်အတူ စုပေါင်း ၍ လက်တွေ့သရုပ်ပြသ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)