သတင်းများ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ထောက်ပံ့ငွေပေးအပ်
Aug 18,2020
နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းအသိပေးနှိုးဆော်
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများ(သို့) ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူမိန်းကလေးများကို မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာနမှ သားအိမ်ခေါင်း ဆေး ထိုးနှံပေးခြင်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာ၌ ကျေးရွာအတွင်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Aug 18,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အားဆောင်ရွက်နေကြောင်းသိရသည်။
ဖလမ်းမြို့ရှိ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 18,2020
ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ စည်ပင်သာရေးဈေးပိုင် အတွင်းရှိ အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးသည်။
တပ်ကုန်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့
Aug 18,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့်ကျေးရွာတာဝန်ရှိသူများသည် ယမန်နေ့က ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်း ကျေးရွာတွင် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂ဝဝဝဝိ/နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများ အိမ်ထောင်စု လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Aug 18,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေးကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်ကျား(၅၁)ဦးနှင့်မ(၃၈)ဦး စုစုပေါင်း (၈၉)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရှိရသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲ ဖလမ်း၌ ပြုလုပ်
Aug 18,2020
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်တွင်းရှိ ဒေသခံပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်ရှိ Young Community Centre ခန်းမ၌ ကျင်းပပြလုပ်သည်။
ကျိုက်မ​ရောမြို့နယ်၌​ သွေးလွန်တုပ်​ကွေးကာကွယ်နှိမ်နင်း​ရေးလုပ်ငန်းများ ကွင်းဆင်း​ ဆောင်ရွက်
Aug 18,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် မြန်မာနိုင်ငံ ကျန်းမာ​ရေးအသင်းနှင့်ပြည်သူ့ကျန်းမာ​ရေး ကြီးကြပ်အသင်း တို့ပူး​ပေါင်း၍​ သွေးလွန်တုပ်​ကွေး​ရောဂါ ကာကွယ်နှိမ်နင်း​ရေး လုပ်ငန်းများကို ယမန်​နေ့နံနက်ပိုင်းက