သတင်းများ

လှိုင်သာယာ( အနောက်ပိုင်း)မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် လမ်းကွန်ကရစ်ခင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မိုးတွင်းကာလ အများပြည် သူများသွားလာရေးအဆင်ပြေစေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက်၂၀၁၉−၂၀၂၀ တိုင်းဒေသကြီ
သရက်ခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာ၌ CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု ဒုရင်္ဂဗိုလ်ကျေးရွာတွင် ယမန်နေ့နံနက်(၈)နာရီက ၂၀၂၀ပြည့်နှစ် မိုးရာသီ CERP Plan အရအကျိုးဆောင်တောင်သူ ဦးချန်ထွန်း၏ လယ်မြေစံပြစိုက်ကွက်တွင် ဧရာမင်း စပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍စိုက်ပျိုးနည်းပညာများ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ချောင်းဦးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇) အား ထောက်ပံ့ငွေများ လက်၀ယ်အရောက်ပေးအပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇)၏ အိမ်ထောင်စု၀င်များ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်၌ မိုးရာသီ သစ်ပင်များစိုက်ပျိုး
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ မိုးရာသီသစ်ပင်များစိုက်ပျိုး ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက် ၁၀နာရီကစ၍ လှိုင်သာယာမြို့နယ် သာသန မကုဋ အတုလ ဗိမာန်တော်ကြီးတွင် မြို့နယ်ကြက်ခြေနီတပ်သူနာပြုတပ်ဖွဲ့ဝင်များ၊ ဦးဇေကိုကိုဦးဆောင်သော လူမှုပရဟိတအဖွဲ့များစုပေါင်း၍ စိုက်ပျိုးသည်။
နတ်တလင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှရွေးကောက်ပွဲကာလ အငြင်းပွားမှုဖြေရှင်းရေး အတွက်စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေးဆောင်ရွက်
Aug 18,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကာလအတွင်း အငြင်းပွားမှုများဖြစ်ပေါ်လာပါက ဖြေရှင်းပေးနိုင်ရေး အတွက် စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ၃ နာရီခွဲက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြသည်။
ပင်လည်ဘူးမြို့၌ စာပေချစ်သူ (BOOK CLUB) အသင်း စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူ (BOOK CLUB) အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသ စာပေ ဖတ်ရှု ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 18,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လူတန်းစားများအား နိုင်ငံတော်မှ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းကစ၍ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။