သတင်းများ

မုံရွာမြို့၌ COVID-19 Relief Package 2 ဟိုတယ်ဝန်​ဆောင်မှု (မွမ်းမံ)သင်တန်း ဖွင့်လှစ်
Aug 18,2020
COVID-19 Relief Package 2 ဟိုတယ်ဝန်​ဆောင်မှု(မွမ်းမံ)သင်တန်းဖွင့်ပွဲကို မုံရွာမြို့ King & Queen ဟိုတယ်၌ ယမန်နေ့ ​နေ့လယ် ၂နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှု့သူ (၄၃၈၃၆) ဦးခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ (၃၇၂၃) ဦးရှိ
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက်
လှိုင်းဘွဲမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်များစုအတွက် (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်
Aug 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေ
Aug 18,2020
သြဂုတ်လ(၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀)၊ ထက်ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး၊ နောက်(၂)ရက် အတွင်း ယင်းရေအမှတ်ထက် ပေဝက်ခန့်သို့ ဆက်လက်မြှင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၇၀၇၇)ဦး တို့အား ထောက်ပံ့ကြေးငွေများ ထပ်မံပေးအပ်
Aug 18,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေးပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချု်ပရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီက ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၃၂)ဦးထပ်မံဝင်ရောက်
Aug 18,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၈)ဦး နှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က(၁၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၂)ဦး ထပ်မံဝင် ရောက်လာခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်း (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း (ဒုတိယအကြိမ်) ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့သောငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင် းသိရသည်။
ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော နောင်ကျောကျေးရွာအုပ်စု၊ တခေါ့ခွန်ကျေးရွာရှိ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်အရည်အသွေးပြည့်မီခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။