ဖလမ်း ဩဂုတ် ၁၈
ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ စည်ပင်သာရေးဈေးပိုင် အတွင်းရှိ အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ချင်းပြည်နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်သီတာတင်၊ ဖလမ်းခရိုင်ရုံးတာဝန်ခံ ဦးသောင်းလွန်ထွန်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဖလမ်းမြို့ စည်ပင်သာယာရေးဈေးပိုင်ရှိ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးကြပြီး သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး အသိပေးကြပ်မတ်ဆောင်ရွက်သည်။ ဖလမ်းမြို့ရှိ စည်ပင်သာယာရေးဈေးပိုင် အစားအသောက်၊ ဆေးဝါးနှင့် ကုန်စုံဆိုင်များအား စစ်ဆေးရာတွင် ငွေကျပ် (၂၃၆,၂၀၀)ခန့် တန်ဖိုးရှိ သက်တမ်းလွန်ပစ္စည်းများ သိမ်းဆည်းရမိ ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်