ရေး ဩဂုတ် ၁၈
နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၄) အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများ၏ လက်ဝယ် အရောက် ပေးအပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ရေးမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံ စားသောက်ကုန်(၅)မျိုး၊ ဇူလိုင် လ တွင် ဒုတိယအကြိမ်အဖြစ် ငွေကျပ်(၁၅၀၀၀)နှင့် တတိယအကြိမ်အဖြစ်ငွေကျပ်(၂၀၀၀၀/-) တို့အား ပေးအပ်ခဲ့ပြီး၊ ယခုထောက်ပံ့ငွေသည် စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)