တပ်ကုန်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့

တပ်ကုန်း       ဩဂုတ်    ၁၈

နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့်ကျေးရွာတာဝန်ရှိသူများသည်  ယမန်နေ့က ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာတွင် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂ဝဝဝဝိ/နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အိမ်ထောင်စု လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု မိသားစုဝင်များအား တွေ့ဆုံ ပြီး၊ နိုင်ငံတော်မှ ထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေများကို အကျိုးရှိစွာ အသုံးပြုရေး မှာကြားခဲ့ပြီးနောက် ထောက်ပံ့ငွေများကို  မိသားစုဝင် လက်ဝယ်အရောက်လိုက်လံ ပေးအပ်ခဲ့သည်။

ဗျိုင်းအင်းကျေးရွာတွင် အိမ်ထောင်စုပေါင်း(၄၆၈)ရှိပြီး၊ လူဦးရေ(၁၈၉၄)ဦး နေထိုင်ကြောင်း ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

တင်စိုးလွင်