သတင်းများ

ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းရည်မြင့်မားလာ‌စေရန် ရှာဖွေ ကယ်ဆယ်ရေး ဆင့်ပွား သင်တန်း ဖွင့်လှစ်
Aug 18,2020
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းရည်မြင့်မားလာစေရန် ရှာဖွေကယ်ဆယ်‌ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၇) နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး စည်းဝေးခန်းမ၌ ကျင်းပသည်။
အမာမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့် အိမ်ထောင်စုများအတွက် ကူညီထောက်ပံ့ပေး
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စု(၁)စုကို ယမန်နေ့နံနက် ၁၁ နာရီက ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကူညီထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့၌ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး အတွက် မြို့နယ်‌ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 18,2020
မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြိုနယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှုသူ (၆၅၂၂၉)ဦးခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ (၉၃၃၂) ဦးရှိ
Aug 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင် (၂၅) ရက်မှ ဩဂုတ် (၁၄) ရက်နေ့အထိ ပထမအကြိမ် ကပ်ထားပေးရာတွင် လာရောက်ကြည့်ရှုသူ ဦးရေ (၆၅၂၂၉) ဦးခန့်ရှိကြောင်း သိရှိရသည်။
တနိုင်းမြို့နယ်တွင် တဝမ်ချောင်းရေမြင့်တက်လာမှုကြောင့် ယာဉ်များသွားလာရာတွင် အခက်တွေ့
Aug 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးခရိုင်၊ တနိုင်းမြိုနယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်လာကာ တဝမ်တံတားချဉ်းကပ်လမ်း ရေတိုက်စားခံရသဖြင့် ယာဉ်များသွားလာရာ၌ အခက်အခဲဖြစ်လာနိုင်သောကြောင့် လမ်းကြောင်းပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အချိန်မီပြုပြင်ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့မှ ယမန်နေ့ နံနက်(၁၀)နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
လောက်ကိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား ကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်
Aug 18,2020
ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် သည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် တွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကျပ်နှစ်သောင်းစီ ထောက်ပံ့ခြင်းကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။