မိုင်းငေါ့မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းအသိပေးနှိုးဆော်

မိုင်းငေါ့             ဩဂုတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများ(သို့) ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူမိန်းကလေးများကို မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာနမှ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာ‌ရေးဆရာမများထံသို့ (၁၈.၈.၂၀၂၀) ရက်နေ့တွင် စာရင်းပေးသွင်းကြရန် အသိ‌ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)