ကန့်ဘလူ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ကန့်ဘလူ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်ရှိ တိုက်နယ် ရှစ်ခုမှ တိုက်နယ် ခေါင်းဆောင် ဌာနဆိုင်ရာ များကို  လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆက်လက်၍ တိုက်နယ်ခေါင်းဆောင်များက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ ဆက်လက် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းသိရသည်။ 

ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်ကာလတွင် ပထမအကြိမ်အဖြစ် အခြေ ခံစားသောက်ကုန် ငါးမျိုးကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုး​​ဖြင့် ကျန်ရှိသော အိမ်ထောင်စုများကို ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ တတိယအကြိမ် အဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း

ဖြင့်လည်းကောင်း ၊ ယခု စတုတ္ထအကြိမ် အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၆၆၄၄၉ အတွက် ငွေကျပ် ၁၃၂၈၉၈၀၀၀၀ ကို ထောက်ပံ့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)