ပုသိမ်တံတားအမှတ် ( ၂ ) ၁၀၀% ပြီးစီးသွားပြီဖြစ်၍ တံတားခံနိုင်ရည်ဝန်အားကို သြဂုတ်လ ၂၂ ရက်​နေ့တွင် စမ်းသပ်စစ်​ဆေးမည်

ပုသိမ်  သြဂုတ်  ၂၀

ပုသိမ်မြို့ဘက်ကမ်း နှင့် စိန်ကုန်းဘက်ကမ်းသို့ ငဝန်မြစ်ကို ဖြတ်ကူး၍ ဆက်သွယ်​ဖောက်လုပ်ထားသည့် ပုသိမ်တံတားအမှတ် ( ၂ ) သည် ယခုအခါ ၁၀၀% ပြီးစီးသွားပြီဖြစ်ပါသည်။ တံတားကြီး၏ ခံနိုင်ရည်ဝန်အားကို သြဂုတ်လ ၂၂ ရက်​နေ့တွင် စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ယ​နေ့နံနက်ပိုင်းက တံတားတည်​ဆောက်​ရေးအဖွဲ့ တာဝန်ခံက မီဒီယာများကို ​ပြောကြားခဲ့သည်။

တံတားကြီး၏ ခံနိုင်ရည်ဝန်အား စမ်းသပ်မှုကို တံတားတည်ဆောက်​ရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာမှူး ဒေါ်သစ်သစ်အောင် က ပြောကြားရာတွင် " တံတားကြီး၏ ခံနိုင်ရည်ဝန်အားကို ဆယ်ဘီးကားကြီး ၁၁ စီးဖြင့်  အသွား၊ အပြန်၊ အဆင်း၊ အတက်၊ ရပ်တန့်မှုများဖြင့် အကြိမ်ကြိမ် စစ်ဆေးသွားမည်ဖြစ်သည်။ ပုသိမ်တံတားအမှတ် ( ၂ )ကို ၂၀၁၈ ခုနှစ်၊ ​အောက်တိုဘာလ  ၂၇ ရက်​နေ့က စတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ( ၂ ) နှစ် ကြာမြင့်ခဲ့ကြောင်း၊ ထို့အပြင် တံတားကြီး လုံခြုံရေးနှင့် ခရီးသွားများ လုံခြုံရေးအတွက် CCTV အလုံး သုံးဆယ်ကျော် တပ်ဆင်ထားရှိပြီးဖြစ်ရာ စက်တင်ဘာလတွင် တံတားကြီးအား ဖြတ်သန်းသွားလာနိုင်ရန် ဖွင့်လှစ်​ပေးသွားမည်" ဖြစ်ကြောင်း သိရသည် ။

ခင်စန္ဒာဆွေ (ပြန်/ဆက်)