စစ်ကိုင်း ဩဂုတ် ၂၀
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ စားသုံးသူ ပြည်သူများ အကာအကွယ်ပေး ရေးအတွက် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှု မရှိရေး စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆားတောင်မြို့ရှိ မြို့မဈေးကြီးအတွင်း/ အပြင် ရောင်းချနေမှုများအား ဩဂုတ်(၂၀)ရက်နေ့၊ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
"ကျွန်တော်တို့ဌာနအနေနဲ့ စားသုံးသူအကာအကွယ်ပေးရေးအတွက် စားသုံးရန်မသင့်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရောင်းချမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနဲ့အတူ ကွင်းဆင်းစစ်ဆေးတာပါ ရောင်းချသူ/ ထုတ်လုပ်သူ လုပ်ငန်းရှင်များ အနေဖြင့်လည်း အန္တရာယ်ရှိ စားသောက်ကုန်များ ရောင်းချမှုရှိနေပါက နောင်တွင် ရောင်းချမှုမရှိစေရေးနှင့် သက်မှတ်စံချိန်/ စံညွှန်းများ၊ လုပ်ထုံး/ လုပ်နည်း ဥပဒေများနှင့်အညီ ရောင်းချနိုင်ရေး အကယ်၍ရောင်းချမှုများရှိနေပါက ကျခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များအကြောင်းကို ဆွေးနွေးပညာပေးခဲ့တယ် ပစ္စည်းတွေသိမ်းဆည်းတယ် သိမ်းဆည်းပစ္စည်း တွေကိုလည်း စုဆောင်း ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ မီးရှိူ့ဖျက်ဆီးခဲ့တာတွေလဲ ရှိပါတယ်" ဟု စစ်ကိုင်း မြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်း က ပြောပြ၍သိရသည်။
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များအား ရပ်ကွက်/ ကျေးရွာများထိ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်မြင့်နိုင်၊ ခရိုင်ပြန်/ဆက်