မြဝတီမြို့၌ "ကြိုတင်ရှောင်ရှား ဆေးလိပ်ဆေးရွက်ကြီးဆိုးကျိုးများ" အကြောင်းကို မြေစိုက်ဘုတ်ဖြင့် ပြသပေး

မြဝတီ ဩဂုတ်၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်နိုင်ရေးနှင့်ပြည်သူများကျန်းမာရေးအသိပညာဗဟုသုတရရှိနိုင်ရန်  ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  မြေစိုက်ဘုတ်တွင်  ပြသဆောင်ရွက်လျက်ရှိသည်။

အဆိုပါမြေစိုက်ဘုတ်တွင် စီးကရက်မှာ အန္တရာယ်ဖြစ်နိုင်သည့် ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ၆၀ ကျော်က ကင်ဆာဖြစ်နိုင်ကြောင်း၊ စီးကရက်များများသောက်သည့်သူများ၊ နှစ်ရှည်လများသောက်သည့်သူများတွင် သေစေနိုင်သည့်ကင်ဆာများဖြစ်ခြင်း၊ အဆုတ်လေအိတ်ပျက်စီးနိုင်သည့်ရောဂါ၊ နမိုးနီးယား၊ နှလုံးသွေးကြောပိတ်သည့်ရောဂါ၊ ဆီးချို စသည့်ရောဂါများပိုမိုဖြစ်နိုင်ကြောင်းနှင့် ဆေးလိပ်၊ဆေးရွက်ကြီးများနှင့်ပတ်သက်သည့်  အသိပညာပေးဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်