သတင်းများ

မေတ္တာမြို့၊ကြက်ပေါင်ချောင်းကျေးရွာရှိ လောကချမ်းသာသံသရာအေးစေတီတော်ရွှေထီးတော်တင်လှူပွဲကျင်းပ
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာအုပ်စု၊ ကြက်ပေါင်ချောင်းကျေးရွာ၊ သာသနရက္ခိတ ကျောင်းဝင်းအတွင်းရှိ လောကချမ်းသာသံသရာအေးစေတီတော် ရွှေထီးတော်တင်လှူပွဲကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က ကျင်းပခဲ့ကြသည်။
မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာအုပ်စုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း
Jan 27,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန် အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ မွန်းလွဲ (၂)နာရီက နားဖျိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင် ထိုးနှံပေး
Jan 27,2021
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က ပေါင်မြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ပြုလုပ်ခဲ့သည်။
ဖလမ်းခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ပြုလုပ်
Jan 27,2021
ဖလမ်းခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက် ၁၁ နာရီက ဖလမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည် ပြုလူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း
Jan 27,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။
ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်း
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းကို ကလောမြို့နယ် ၊ လွယ်အံကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၁ဝ) နာရီခန့်က အင်းပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ၌ ကျင်းပပြု လုပ်ခဲ့သည်။
မဘိမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်းဖွဲ့စည်း
Jan 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်း ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မလှိုင်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။