မေတ္တာ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာအုပ်စု၊ ကြက်ပေါင်ချောင်းကျေးရွာ၊ သာသနရက္ခိတ ကျောင်းဝင်းအတွင်းရှိ လောကချမ်းသာသံသရာအေးစေတီတော် ရွှေထီးတော်တင်လှူပွဲကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ဆရာတော်သံဃာတော်များ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံများ၊ ပရဟိတအဖွဲ့ဝင်များနှင့် ရပ်နီးရပ်ဝေးမှဧည့်သည်တော်များက ရွှေထီးတော်၊ ဌက်မြတ်နားတော်နှင့်စိန်ဖူးတော်တို့ကို စေတီတော်ပေါ်သို့ အဆင့်ဆင့်တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက်ဆရာတော်သံဃာတော်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံများ၊ပရဟိတအဖွဲ့ဝင်များနှင့် ရပ်နီးရပ်ဝေးမှလာရောက်ကြသော ဧည့်ပရိသတ်များက ဘုရားအနေကဇာတင်ပူဇော်ခြင်း၊ ငါးပါးသီလခံယူဆောက် တည််ခဲ့ကြပြီး ကောင်းမှုအစုစုအတွက်သာဓု(၃) ကြိမ်ခေါ်ဆို၍အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။
မေတ္တာ( ပြန်/ဆက်)