မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာအုပ်စုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

မိုင်းရယ်   ဇန်နဝါရီ     ၂၇

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ မွန်းလွဲ ()နာရီက နားဖျိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နားဖျိုင်းကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စိန်က ရွေးချယ်ရခြင်းအား ရှင်းလင်းပြေားကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် အိမ်ထောင်စုကိုယ်စားလှယ်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ဆယ်အိမ်မှူးများ ဖွဲ့စည်းနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းရေးအတွက် ရွေးချယ်ခဲ့ကြပြီး ဌာနဆိုင်ရာ ရွေးချယ်ရေးအဖွဲ့က အတည်ပြု ပေးခဲ့သည်။

မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာအုပ်စုတွင် ကျေးရွာ(၁၁)ရွာ အိမ်ထောင်စု(၄၁၄) လူဦးရေ (၁၉၄၁)ဦးရှိပြီး အဆိုပါကြီးကြပ်ရေး မှူး ရွေးချယ်ပွဲသို့ အိမ်ထောင်စုကိုယ်စားလှယ် (၆၀)ဦး တက်ရောက်ကြောင်း သိရသည်။

ပိုင်ပိုင်သွင် (မိုင်းရယ်ပြန်/ဆက်)