တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည် ပြုလူနာ (၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်       ဇန်နဝါရီ      ၂၇

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။

၎င်းတို့မှာ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာတွင်နေထိုင်ကြသည့် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ဖြစ်သည်။

ယခုလတ်တလောအချိန်တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာအမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၁၀)ဦး ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ  သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)