ကလော ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်းခြင်းကို ကလောမြို့နယ် ၊ လွယ်အံကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၁ဝ) နာရီခန့်က အင်းပြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကြီးကြပ်ရေးအဖွဲ့တာဝန်ခံ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အမ်ဗီကာက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများနှင့် ပတ်သက်၍ လည်းကောင်း၊ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်း နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး လွယ်အံကျေးရွာအုပ်စု အတွင်းရှိ အင်းပြင်ကျေးရွာ၊ မြင်းကကျေးရွာ၊ ကြေးကုန်းကျေးရွာ၊ ကျောက်တန်း(အရှေ့၊အနောက်) ကျေးရွာများမှ ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦးဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆) အုပ်စုတွင် ရွေးချယ် ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သင်းသင်းမော် ( ပြန်/ဆက်)