မဘိမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်းဖွဲ့စည်း

မဘိမ်း     ဇန်နဝါရီ   ၂၇      

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ကွင်းဆင်း ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မလှိုင်ကုန်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းတို့က ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့()ဦး ရွေးချယ်ပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြပြီး တက်ရောက်လာကြသော ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့()ဦးအား စနစ်တကျရွေးချယ်ခဲ့ကြသည်။

မဘိမ်းမြို့နယ်အတွင်း၌ ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ် ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့အား အဖွဲ့()ဖွဲ့ခွဲ၍ သတ်မှတ်နေရာများတွင် ကြီးကြပ်ရေးအဖွဲ့()ဦးအား ကွင်းဆင်းရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မျိုးမင်း (ပြန်/ဆက်)