ဘားအံ ဇန်နဝါရီ၂၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံး ငွေရင်းရန်ပုံ ငွေဖြင့်အားကစားနှင့်ကာယပညာဦးစီးဌာန၀န်ထမ်း အိမ်ရာ ဆောက်လုပ်နိုင်ရေးအတွက် ဘားအံမြို့ လျာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့်အားကစား၀င်းအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပန္နက်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၀န်ထမ်းအိမ်ရာအဆောက်အအုံမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုတန်ဖိုး(၂၅၈.၉၁၂)ကျပ်သန်းဖြင့် ကျော်မဟာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး (၈၀)ပေ(၄၀)ပေ၊ RCC (၄)ခန်းတွဲ(၃)ထပ် အဆောက်အအုံ ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်တာ၀န်ရှိသူများက ပန္နက်တင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)