နမ့်ဆန်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား (ပထမ)ဆုံးအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

 

နမ့်ဆန်            ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမ)ဆုံးအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်()နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်သည်။

နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံရှိစုရပ်တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက ဦးစီးကြီးကြပ်၍ မြို့နယ်အတွင်းမှာရှိသည့် ကျန်းမာရေးဝန်ထမ်း(၉၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံပေးနေမှုကို ဒေသဦးစီးအဖွဲ့ ဉက္ကဌ ဦးဝင်းကျော်နှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ တို့က လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ယနေ့ထိုးနှံပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးက အိန္ဒယနိုင်ငံက ထောက်ပံ့ပေးသည့် Covishield အမျိုးအစားဖြစ်ပြီး ပထမဦးစားပေးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ရှေ့တန်းကနေ တိုက်ဖျက်ပေးသည့် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခဲ့တာဖြစ်သည်။  လူတစ်ဦးကို ကာကွယ်ဆေး()ကြိမ်ထိုးနှံရမည်ဖြစ်သည့်အတွက် ယခုတစ်ကြိမ်ထိုးနှံပြီးတဲ့ ကျန်းမာရေး ဝန်ထမ်းများက (၂၈)ရက်ကြာလျှင် (ဒုတိယ)တစ်ကြိမ် ထပ်မံထိုး နှံရမှာဖြစ်ပါသည်။

နမ့်ဆန်မြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း (၁၁၀)ဦးရှိသည့်အထဲမှာ (၉၇)ဦးကိုသာ စတင် ထိုးနှံပေးနိုင်ခဲ့တာဖြစ်ပြီး ကျန်သည့်(၁၃)ဦးမှာ ကိုယ်ဝန်ဆောင်နှင့် တခြားကာကွယ်ဆေး ထိုးထား တာဖြစ်လို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုထိုးနှံနိုင်ခဲ့ခြင်းမရှိသေးကြောင်းသိရသည်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယဦးစားပေးအနေဖြင့် အသက်(၆၀) ကျော်သူများအား ထိုးနှံပေးနိုင်ဖို့ကိုလည်း နိုင်ငံတော်ကစီစဉ်ဆောင်ရွက်ထားတာရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)