Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 31,2021
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအနက် ကျောင်းစုစုပေါင်း (၄၉)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို Unicef Myanmar ၏ပံ့ပိုးမှုဖြင့်ပြည်သူ့ မျှော်လင့်ချက်အသင်းမှ ဇန်နဝါရီလအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သာယာအေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌စာသင်ဆောင်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jan 31,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းဆုံကျေးရွာအုပ်စု သာယာအေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်အား ယနေ့နံနက် (၁၀)နာရီက ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး အတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များ စိစစ်ရွေးချယ်
Jan 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ဝင်များ စိစစ်ရွေးချယ်ခြင်းကို အမှတ် ၅ ရပ်ကွက်အတွက် အမက (၁) စာသင်ကျောင်းတွင်လည်းကောင်း၊ အမှတ် ၇ ရပ်ကွက်အတွက် ဥတ္တရဓမ္မာရုံတွင် လည်းကောင်း မြို့နယ် ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ယမန်နေ့ က ကွင်းဆင်းရွေးချယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်၌ ကျေးရွာအုပ်စုရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာ၀န်ပေး
Jan 31,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွှဲပိုင်းအချိန်က ပန်တီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 31,2021
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များက ဇန်နဝါရီလ ၃၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၄၄) စု အား ထောက်ပံ့ငွေပေးအပ်
Jan 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များ၏ အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကိုဗစ်ကာလ ထောက်ပံ့ငွေများကို ယနေ့ နနက် ၉နာရီ အချိန်ခန့်က စတင်ပြီး ပင်လုံမြို့ ရပ်ကွက်(၃)ရုံးတွင် ထောက်ပံ့ပေးအပ်နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့
Jan 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယမန်နေ့ညနေ၃နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ် ခန့်အပ်နိုင်ရေး ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်
Jan 31,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၅)ဦး ပါဝင်သော အဖွဲ့ရွေးချယ်ခြင်းကို ယမန်နေ့က ဟိုစဲ့ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28941
Page
28942
Page
28943
Page
28944
Current page
28945
Page
28946
Page
28947
Page
28948
Page
28949
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department