ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၄၄) စု အား ထောက်ပံ့ငွေပေးအပ်

            ပင်လုံ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကိုဗစ်ကာလ ထောက်ပံ့ငွေများကို ယနေ့ နနက် ၉နာရီ အချိန်ခန့်က စတင်ပြီး ပင်လုံမြို့ ရပ်ကွက်(၃)ရုံးတွင် ထောက်ပံ့ပေးအပ်နေကြောင်းသိရသည်။

ရှေးဦးစွာ ပင်လုံမြို့၊ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းစံငင်းက ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေ ပေး အပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက်ပေးပို့ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားပြီး ရပ်ကွက်(၃)အတွင်းရှိ အိမ်ထောင်စု (၈၆၄)စု အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စု(၂၄၄) စု အား ၎င်းတို့၏ လက်ဝယ်အရောက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု (၁၃၈)စု အား တစ်အိမ် ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးနေပြီး ကျန်ရှိအိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပေးအပ်ရာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ် ထောင်စု(၂၄၄)စု အတွက် စုစုပေါင်းငွေကျပ်(၄၈၈၀၀၀၀)လေးဆယ့်ရှစ်သိန်းရှစ်သောင်းကျပ်အား အခြေခံလူတန်း စားများ လက်ဝယ်အရောက် ပင်လုံမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်စာရေးတို့က ပေးအပ်ပေးနေ ကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ