ဆမီး ဇန်နဝါရီ ၃၁
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအနက် ကျောင်းစုစုပေါင်း (၄၉)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို Unicef Myanmar ၏ပံ့ပိုးမှုဖြင့်ပြည်သူ့ မျှော်လင့်ချက်အသင်းမှ ဇန်နဝါရီလအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် အထက်တန်းအဆင့်ကျောင်းများ၌ ရေတိုင်ကီဂါလံ(၁၀၀၀)ဆံ့(၃)လုံး၊ လက်ဆေး ဘေစင် (၅)ခု၊ Life Starw ရေသန့်စက်နှင့်အမှိုက်ပုံး၊ အမျိုးသမီးလစဥ်သုံးပစ္စည်း၊ Handgel ဘူး (၃၀)နှင့် ကိုဗစ်-၁၉ အသိပညာပေး ဗီနိုင်း(၉)ချပ်တို့အား လည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းများ၌ ရေတိုင်ကီဂါလံ (၁၀၀၀)ဆံ့(၂)လုံး၊ လက်ဆေးဘေစင်(၃)ခု၊ Life Starw ရေသန့်စက်နှင့်အမှိုက်ပုံး၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ Handgel ဘူး (၃၀)နှင့် ကိုဗစ်-၁၉ အသိပညာပေး ဗီနိုင်း(၉)ချပ်တို့အား လည်းကောင်းနှင့် မူလတန်းအဆင့်ကျောင်းများ၌ ရေတိုင်ကီဂါလံ(၁၀၀၀)ဆံ့(၁)လုံး၊ လက်ဆေး ဘေစင်(၂)ခု၊ Life Starw ရေသန့်စက်နှင့် အမှိုက်ပုံး၊ Handgel ဘူး (၃၀)နှင့် ကိုဗစ်-၁၉ အသိပညာပေးဗီနိုင်း (၉)ချပ်တို့အား ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်းနှင့် ပလက်ဝမြို့နယ်ရှိစာသင်ကျောင်းများအနက် စုစုပေါင်း(၄၉)ကျောင်းကို ထောက်ပံ့ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။
“ကျွန်တော်တို့ပေးအပ်ရတဲ့အဓိက ရည်ရွယ်ချက်ကတော့မြန်မာ တစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားရပြီးတော့ ကျောင်းတွေပြန်လည် ဖွင့်လှစ်လာတဲ့အခါမှာ ပလက်ဝလိုဝေးလံတဲ့အရပ် ဒေသအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အဆင့်တွေနဲ့အညီ ကျောင်းတွေ ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းတွေကို ကြိုတင်လှူဒါန်းရခြင်း ဖြစ်ပါတယ်" ဟုပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေး အသင်း၊ ချင်းပြည်နယ်တာဝန်ခံဒါရိုက်တာ ဦးဇော်လီအောင်က ပြောပါသည်။
လဲ့လဲ့ခိုင်(ဆမီး)