မိုးနဲ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် တိုင်းရင်းသားသုဿန်ဝင်းအတွင်း မီးသင်္ဂြိုဟ်စက်ကို တည်ဆောင်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
အဆိုပါမီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေးအတွက် ဦးဝင်းထိုက်နှင့်ဇနီးက မတည်လှူဒါန်း ငွေကျပ်သိန်း (၂၀၀) နှင့်စတင်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် (၃၄၅)သိန်း ၊ ရှမ်းပြည်နယ်စည်ပင် သာယာရေးကော်မတီ ဘတ်ဂျက်ငွေကျပ် (၁၇၃)သိန်း၊ လွှတ်တော်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၅၀)၊ ရပ်ဝေး/ရပ်နီး ပြည်သူလူထု လှူဒါန်းငွေကျပ် (၁၃၂)သိန်း စုစုပေါင်း ငွေကျပ်သိန်း (၉၀၀)ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်းများရားနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် မီးသင်္ဂြိုဟ်ကို လာမည့် မတ်လအတွင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ၏ပြောကြားချက်အရ သိရှိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)