သံဖြူဇရပ် ဖေဖေါ်ဝါရီ ၂၃
မွန်ပြည်နယ်မော်လမြိုင်ခရိုင်သံဖြူဇရပ်မြို့နယ်အတွင်းရှိအငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများကိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင်ဖေဖေါ်ဝါရီ(၂၂)ရက်နေ့မှစတင်၍ထုတ်ပေးလျက်ရှိရာအငြိမ်းစားဝန်ထမ်းများသည်ပင်စင်လစာများကိုအေးချမ်းစွာထုတ်ယူလျက်ရှိကြောင်းသိရသည်။
ပင်စင်လစာများလရောက်ထုတ်ယူကြသည့်အငြိမ်းစားဝန်ထမ်းများအားကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွန်ချက်များနှင့်အညီပင်စင်လစာများကိုထုတ်ပေးလျက်ရှိပြီးသံဖြူဇရပ်မြို့နယ်တွင်ပင်စင်စားစုစုပေါင်း( ၃၃၅ ) ဦးရှိကြောင်းသိရသည်။
အငြိမ်းစားဝန်ထမ်းပင်စင်လစာများကိုဖေဖေါ်ဝါရီ (၂၂) ရက်နေ့မှ (၂၅ )ရက်နေ့ထိနေ့စဥ်နံနက် ၇ နာရီမှမွန်းလွဲ ၂ နာရီထိထုတ်ပေးသွားမည်ဖြစ်ပြီးပြည်သူများမှလည်းအေးချမ်းစွာငွေသွင်း/ငွေထုတ်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)