တန့်ယန်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကို မြို့နယ်ရှိ မြန်မာ့စီပွားရေးဘဏ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိသည်။
တန့်ယန်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်စားဦးရေ ၅၂၂ ဦးရှိပြီး စတင်ထုတ်ပေးသည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ၂၀၉ ဦး၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ၇၈ ဦး စုစုပေါင်း ၂၈၇ ဦး ထုတ်ပေးပြီးဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)