သတင်းများ

ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 06,2021
ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 05,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကလောမြို့နယ် ဟဲဟိုးလေဆိပ်အနီးတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွား
Mar 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးလေဆိပ်အနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့် အချိန်က တောမီးဧက(၄၀)ခန့် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
Mar 05,2021
ကချင်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆုံးဖြတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြန်မာသံရုံးမှမြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၉၉)ဦးလွှဲပြောင်း
Mar 05,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား တရုတ်နိုင်ငံ၊ နယ်ခြားစောင့်လူဝင်မှုစစ်ဆေးရေးဌာန၊ ရဲမှူးလော်ခေး ဦးဆောင်သည့်အဖွဲ့မှ မတ်လ(၃)ရက်နေ့က (၃၃)ဦးနှင့် မတ်လ(၄)ရက်နေ့၊မွန်းလွဲ(၄)နာရီအချိန်က(၆၆)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၉၉)ဦးအား ချင်းရွှေဟော်မြို့၊မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်တွင် လွှဲပြောင်းပို့ဆောင်ခဲ့ရာ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စိစစ်လက်ခံခဲ့ကြောင်း သိရသည်။
နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ ‌ဒေသဆိုင်ရာဖွံ့ဖြိုးရေး နှင့်လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 04,2021
နေပြည်တော်အတွင်း ‌အုပ်ချုပ်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့်လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 04,2021
ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးနဲမြို့နယ်၌ ခရီးသွားကျေးရွာတစ်ရွာ ဖော်ဆောင်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ခရီးသွားကျေးရွာတစ်ရွာ ရွေးချယ်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေပွဲကို မတ်လ ၃ ရက် ညနေပိုင်းက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။