ဘုတ်ပြင်းမြို့၌ နှစ်ဦးဆွမ်းအလှူမင်္ဂလာနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

ဘုတ်ပြင်း      ဧပြီ    ၁၇

၁၃၈၃ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ယနေ့နံနက်(၅)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဧည့်ပရိသတ်များက ဘုတ်ပြင်းမြို့ အောင်မေတ္တာတောရ ကမ္မဌာန်းကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတထံမှ ငါးပါးသီလ ဆောက်တည်၍ သံဃာတော်များ ရွတ်ဖတ်သရဇ္ဇယ်တော်မူအပ်သော ကမ္မဝါစာတရားတော်များကို နာယူကြသည်။ ယင်းနောက် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး အလှူမင်္ဂလာအား ရုပ်သိမ်းခဲ့သည်။

ယင်းနောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မြို့ပေါ်ရပ်ကွက်များမှအသက်(၈၅)နှစ် နှစ်အထက်အသက်ကြီးဘိုးဘွားများကို ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။ သက်ကြီး ဘိုးဘွားများ အားကန်တော့ခံပစ္စည်းများ ဆေးဝါးများကန်တော့ကြပြီး ဘိုးဘွားတစ်ဦးက ဆုတောင်းမေတ္တာများ ချီးမြှင့်ပေးပြီး အခမ်းအနားသို့ မလာနိုင်သည့် ဘိုးဘွားများကိုလည်း ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက ကန်တော့ခံပစ္စည်းများနှင့် ဆေးဝါးများကို အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သံဃာတော်အရှင်သူများက မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ လမ်းဆုံများတွင် မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တော်များရွတ်  ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။         

သန်းထွန်းဦး (ပြန်/ဆက်)