ကော့သောင်း ဧပြီ ၁၇
ကော့သောင်းမြို့၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကို ကော့သောင်းမြို့၊ ဘုရင်နောင်၊ အမှတ်(၂)ဆိပ်ခံတံတား၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်သက်ဦး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် မိသားစုများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ တက်ရောက်လာကြသော ဧည့်သည်တော်များက ပင်လယ်ရေငံငါးများ ဖြစ်ကြသည့် ကျောက်ငါး၊ ကကတစ်ငါး၊ ကကပေါင်းငါးနှင့် ကဏန်းများကို အသီးသီး ဇီဝိတဒါနအဖြစ် ကုသိုလ်ယူ ပင်လယ်အတွင်းသို့ ဘေးမဲ့လွှတ်ချပေးကြသည်။
ဆက်လက်၍ နံနက် ၈ နာရီတွင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ဒါနအဖြစ် သက်ကြီးဘိုးဘွားများ ပူဇော် ကန့်တော့ပွဲကို ကော့သောင်းဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်များက သက်ကြီးဘိုးဘွားများ လက်အုပ်ချီမိုး ကန့်တော့ကြပြီး အလှူငွေနှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ကြသည်။
ထို့နောက် ဘိုးဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦးမှ ပြုသမျှကုသိုလ်အဖို့ဘာဂအတွက် ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)