လပွတ္တလုပ်တောင်ချောင်းအတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ

လပွတ္တာ        ဧပြီလ           ၁၇

ယနေ့သည် မြန်မာတို့၏အထွဋ်အမြတ်ထားရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ လပွတ္တာမြို့နယ်တွင် ဇီဝိတဒါနပြုခြင်းများဖြင့် ဆောင်ရွက်လျက်ရှိကြရာတွင် ယနေ့နံနက် ၉ နာရီက လပွတ္တာမြို့နယ် ညောင်လိန်ကျေးရွာအုပ်စု အောက်ကုန်းကျေးရွာ လပွတ္တလုပ်တောင်ချောင်း အတွင်းသို့ ငါးလွှတ်၍ ကုသိုလ်ပြုခဲ့ကြသည်။

လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက   လပွတ္တလုပ်တောင် ချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ ၄၀၀၀ နှင့် ရေချိုငါးမျိုးစုံ အကောင်ရေ ၁၀၀၀ ကို စုပေါင်း၍ ဇီဝိတဒါနငါးများလွှတ်ပေးခဲ့ပြီး ယခုငါးလွှတ်ပွဲသည် လပွတ္တာမြို့နယ်တွင် ပထမဆုံးအကြိမ် ငါးလွှတ်ပွဲဖြစ်ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)