ခရမ်း ဧပြီ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း အဆင့် Greade-4 သင်ရိုးသစ်၊ မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ဧပြီ ၅ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ပြီး ဧပြီ ၇ ရက်နေ့တွင် သင်တန်များအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံမူလတန်းအဆင့် Grease -4 သင်ရိုးသစ် သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းပြ ဆရာ/ဆရာမ ၂၀၆ ဦးတက်ရောက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၀) ဦးတို့က ၃ ရက်ကြာ သင်ကြားပေးခဲ့ကြကြောင်း သိရသည်။
သင်တန်းကို ခရမ်းမြို့ အ ထ က (၁)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ထိရောက်အောင်မြင်သည့် သင်ယူမှုများကို ကျောင်းသူ/ကျောင်းသားများ ရရှိကြမည် ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)