ကော့ကရိတ် မတ် ၂၇
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ မဟာ ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို မတ် ၂၇ရက် နံနက် ၉နာရီအချိန်က တောင်ပေါ်ကျောင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပ သည်။ ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် ဒါယကာ၊ ဒါယကာမများက နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆိုပြီး အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် တောင်ပေါ်ကျောင်းတိုက် ဆရာတော်နှင့် မဟာစည် သာသနာ့ရိပ်သာ ဆရာတော်တို့က အနုမောဒနာတရား ချီးမြှင့်ပေးတော်မူပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။ ကော့ကရိတ်မြို့တောင်ပေါ်ကျောင်းတိုက် စာချဦးအိန္ဒကက ပဋ္ဌာန်းတရားတော် နာကြားရန်အတွက် ဖိတ်ကြားထားသော နတ်ဗြဟ္မာတို့အားနတ်ပို့ဂါထာဖြင့် ပြန်လည်ပို့ ဆောင်ခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေများအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင် များက လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်လှူပွဲသို့ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ရှင်သာမဏေများနှင့် မယ်သီလရှင်များမှကြွရောက် ချီးမြှင့်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက ဆန်၊ ဆီ၊ ဆေး၊ ဆားအစရှိသည့် လှူဖွယ်ဝတ္ထု အစုစုတို့ကို စေတနာ လောင်းလှူခဲ့ကြကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)