ကြာအင်းဆိပ်ကြီး ဧပြီ ၃၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များအားပန်းခင်း စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဇမိခန်းမအတွင်း၌ ပြုလုပ်ကျင်းပသည်။
အဆိုပါစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းတွင် ကော့ကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်ကျော်နိုင်က ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အိမ်ထောင်စုစာရင်းများကောက်ယူပြုလုပ်ဆောင်ရွက်ခြင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်သွားမည် လုပ်ငန်းစဉ်များ အားရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက ပန်းခင်းစီမံချက်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း ကွင်းဆင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများမှ မရှင်းလင်းသည့်အချက်အလက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်