မြဝတီ မေ ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၁၉ ရက်နေ့မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆေးရုံအုပ်ကြီး၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာမများဖြင့် နေ့စဉ် နေ့/ည (၂၄)နာရီဖွင့်လှစ်၍ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်ခံကုသပေးလျက်ရှိသည်။
အဆိုပါပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာကိစ္စရပ်များကို ဆရာဝန်(၉)ဦး၊ သူနာပြုဆရာမ(၁၀)ဦးနှင့် အခြားအဆင့်ကျန်းမာရေးဝန်ထမ်း(၂၆)ဦးတို့က သတ်မှတ်ရက်များ အလိုက် လူနာများကို ကြည့်ရှုကုသပေးလျက်ရှိရာ အရေးပေါ်ကျန်းမာရေးကိစ္စများကိုလည်း နေ့စဉ် နေ့/ညမပြတ် ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)