မြောက်ဦး မေ ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဘောလုံးအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား မြောက်ဦးမြို့နယ်ဘောလုံးအသင်းနှင့် ကျောက်တော် မြို့နယ်ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်နေမှုများအား မြို့ပေါ်ရပ်ကွက်ရှိ ဘောလုံး အား ကစားချစ်မြတ်နိုးသူများက တစ်ခဲနက်အားပေးကြည့်ရှုကြရာ မြောက်ဦးမြို့နယ်ဘောလုံး အသင်းက ကျောက်တော်မြို့နယ်ဘောလုံးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ တံခွန်စိုက် ဆုဖလားအား ရယူနိုင်ခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ပထမ ဆုရရှိသော မြောက်ဦးမြို့နယ် အသင်းအား (မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ဆရာဦးလှစောမှ တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့်ငွေသား သုံးသိန်းကျပ်အားလည်း ကောင်း၊ ဒုတိယဆုရရှိသော ကျောက်တော်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ငွေသားကျပ် နှစ်သိန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကာမှူး ဦးမောင်မောင်လတ်မှ ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုဖလားရရှိသော မြောက်ဦးမြို့နယ်အသင်းအား ခရိုင်အားကစားနှင့် ကာပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်အောင်မှ မြောက်ဦးမြို့နယ် အသင်းနည်းပြ ဦးကျော်ဌေးနှင့်အသင်း ခေါင်းဆောင်တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)