တောင်တွင်းကြီး မေ ၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
ယခုထပ်မံ၍ မေ(၁၅)ရက် နံနက်(၆:၀၀)နာရီမှ စတင်ကာ ပျဉ်းမနား ဘူတာမှ ပျဉ်းမနား- တောင်တွင်းကြီး အမှတ် (၁၀၃) အဆန် RPE ရထားအား တွဲ(၂)တွဲဖြင့် စတင်ပြေးဆွဲပေးခဲ့ရာ တောင်တွင်းကြီးဘူတာ သို့ နံနက် (၁၀:၁၅) မိနစ်တွင် ရောက်ရှိလာရာ ရထားစီးခရီးသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့မီးရထား မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လုံခြုံရေးတပ်ဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည် များကို ကူညီဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ရထားသည် အမှတ်(၁၀၄) အစုန်ရထားအဖြစ် တောင်တွင်းကြီးမှ နေ့စဉ် မွန်းတည့် (၁၂:၀၀) နာရီအချိန်တွင် စတင်ထွက်ခွါ၍ ပျဉ်းမနားဘူတာသို့ ညနေ (၄:၁၅) မိနစ်အချိန် တွင် ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်