မင်းလှမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေး
May 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက် (၉) နာရီက မင်းလှမြို့နယ် (ကပစ-၂) မလွန် ၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။