ထန်းတပင် (ပဲခူး) မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်အမြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ကျေးရွာများအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတက်သည့်ရောဂါလက္ခဏာ များ၊ ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေသင့်ကြောင်း၊ လက်ကို မကြာခဏဆေးသင့်ကြောင်း ကိုဗစ်-၁၉ ရောဂါသည် နေရာဒေသမရွေး ကူးစက်နိုင်ကြောင်း ပြည်သူများ ကလည်း မိမိတို့ကျေးရွာအတွင်းသို့ နေရပ်ပြန်များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သတင်းပို့ရမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက၊ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်တို့အား လိုက်လံအသိပေးနိုးဆော်ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)