ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ  ပြန်လည်ဖွင့်လှစ်ဆောင်ရွက်

ဒဂုံအရှေ့ မေ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများစာပေလေ့လာ ဖတ်ရှု့နိုင်စေရန်အတွက် ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အားကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါသည်။

အဆိုပါပြည်သူ့စာကြည့်တိုက်အား နေ့စဉ်နံနက် ၉နာရီခွဲမှ ညနေ ၄ခွဲနာရီထိ အစိုးရ ရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ပေးလျက်ရှိရာ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ အပျော်ဖတ်ဝတ္ထုများ၊ ရုပ်ပြစာအုပ်များ၊ သုတ/ရသစာအုပ် စုစုပေါင်း (၅၂၀၀)ကျော်ဖြင့် မည်သူမဆိုအခမဲ့ဌားရမ်းဖတ်ရှု့နိုင်စေရန်ဝန်ဆောင်မှုပေးခြင်းများအပြင် အခမဲ့ Wifiအသုံးပြုနိုင်ခြင်း၊Onileမှတဆင့်စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်၊ ကလေးများ အတွက်ပုံပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်း အစီအစဉ်များကိုလည်း ဆောက်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)