ဒဂုံမြောက် မေ ၁၈
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထက်လယ်မူ ကျောင်းများ တွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား မိဘများ သိရှိနိုင်ရန် လိုက်လံကပ်ထား ဆောင်ရွက်ထားကြောင်း သိရသည်။
ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ် လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကျောင်းများအပ်နှံရာ တွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)