သတင်းများ

မိတ္ထီလာ၌ သမိုင်းဝင်ရတနာသင်္ကျစ်စေတီတော်ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ
May 20,2021
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် သြဇာခြံရပ်တွင် တည်ထားသည့် သမိုင်းဝင် ရတနာသင်္ကျစ်စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၄ မိနစ်အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။
တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများအား စာကြည့်တိုက် မှတ်ပုံတင်လက်မှတ်များ ပေးအပ်ခြင်းနှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ စာကြည့်တိုက်များအား မှတ်ပုံတင်ကတ်ပြားပေးပွဲနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေး
May 20,2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ၊ အနော်ရထာခန်းမတွင် ယနေ့နံနက် (၈)နာရီ အချိန်မှ စတင်ပြီး ချောင်းဦးမြို့ရှိ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအပါအ၀င် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 20,2021
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည်။
ဧရာဝတီကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းကြည့်ရှုစစ်ဆေး
May 20,2021

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းများအား မြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး
May 20,2021

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလပထမပတ်မှ စတင်၍မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးတွင် တနင်္လာနေ့မှ သောကြာနေ့ အထိနံနက်(၉:၃၀)မှ ညနေ (၄:၃၀)အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ မြိုင်သဇင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣဿရိယ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ရေစက်ချအခမ်းအနားသို့ တက်ရောက်
May 20,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၂) ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်၊ အဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ မြိုင်သဇင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဣဿရိယ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ရေစက်ချ အခမ်းအနားသို့ တက်ရောက်ဖူးမျှော် ကြည်ညိုခဲ့သည်။
မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာအုပ်စာစောင်များ ငှားရမ်းပေး
May 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပရိသတ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။