တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး

တောင်တွင်းကြီး မေ ၂၀

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလပထမပတ်မှ စတင်၍မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးတွင် တနင်္လာနေ့မှ သောကြာနေ့ အထိနံနက်(၉:၃၀)မှ ညနေ (၄:၃၀)အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင် ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့‌ပြောင်း ‌နေထိုင် သူများအတွက် မူလ ဒေသ တွင် အိမ်ထောင်စုလူဦးရေစာရင်းရှိ‌သော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ် ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင် လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင် ရွက်ပေးခြင်း နည်းလမ်းများဖြင့် ၂၀၀၄ခုနှစ် နိုဝင်ဘာ၄ရက်မတိုင်မီ မွေးဖွား သူများနှင့် ကိုင်ဆောင် လက်မှတ်မရှိသောသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၂) အုပ်စု၊ ကျေးရွာ စုစုပေါင်း (၂၈၆)ရွာရှိကြောင်း သိရသည်။

နိုင်ဝင်း