ဧရာဝတီကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

မြင်းမူမေ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းများအား မြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအဖြစ် Conerete Pile အခြေပြုကျောက်စီ မြေထိန်းတမံ(၇၀၅)ပေ၊ Bored Pile အခြေပြုကျောက်စီမြေထိန်း နရံနှင့် တမံ (၁၀၀)ပေနှင့် Conerete Pile အခြေပြုကျောက်စီ မြေထိန်းတမံ (၁၅၀)ပေ တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုင်ငံတော်၏ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ်(၃၃၄ဒဿမ၈)သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက ၂၈.၃.၂၀၂၁ရက်နေ့ မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်း ဆောင်ရွက်မှု(၅၀) ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

မြေထိန်းနံရံများဆောင်ရွက်ပြီးစီးသွားပါက ယင်းကျေးရွာရှိ အိမ်ထောင်စုများ အနေဖြင့်မိုးတွင်းအခါဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့်ကမ်းပြိုခြင်းနှင့် အတူအိုးအိမ်များပျက်စီးဆုံး ရှုံးခြင်းနှင့် ပြောင်းရွှေ့ရခြင်းများမှ လွတ်ကင်း ရတော့ မည်ဖြစ်ရာ ကျေးရွာပြည်သူများမှ ဝမ်းသာ ဝမ်းမြောက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)